Saturday, January 23, 2010

Blog ၏ ရည်ရွယ်ချက် နှင့် နောက်ခံအကြောင်း

လွန်ခဲ့သော ၁၆~၁၇ နှစ်ခန့် ... ကျွန်တော် အဘိုးအဘွားများ နှင့် မန္တလေးမြို့ တွင် နေထိုင်ခဲ့စဉ်တုန်းက ကျွန်တော့်အဘိုးသည် “ဦးဝင်းဖေ (မန္တလေး)” အမည်ဖြင့်  စာစဉ်များ ရေးသားခဲ့ပါသည်။ သူ၏ဆောင်းပါး အချို့ ကို “အတွေးအမြင်” မဂ္ဂဇင်း တွင် ဖော်ပြခဲ့ဖူး ပါသည်။ ဆောင်းပါးတို့ မှာ ဓမ္မအကြောင်းအရာများကို ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်အခါက အခွင့်သင့်လျင် သင့်သလို ကျွန်တော့ အား ဆုံးမ ပြောပြခဲ့ သော ဓမ္မအကြောင်းအရာများရှိခဲ့ ပါသည်။ ထို ဆုံးမသွန်သင် မှုများ အနက် အဗျာပါရ ဘာဝနာ ပွားများနည်းမှာ ကျွန်တော့ဘဝတွင် အထိရောက်ဆုံးသော စိတ်နှလုံးထားနည်းတစ်ခုဖြစ်ပါသည်။ ဗျာပါရ အတ္တ ကိုဖယ်ချသော အဗျာပါရ အနတ္တ ဖြစ်ပါသည်။

ကျွန်တော့် အဘိုးဆုံးပါးသွားသော အခါတွင် သူ၏လက်ရေးမူများ၊ အချို့ သော စာစဉ်များ (သူ၏ ဓမ္မမိတ်ဆွေများကို ဖြန့် ဝေသော စာစဉ်များ) ကို စုဆောင်းမိ သလောက် ဤဘလောက်တွင် အများသူငါ ဖတ်ရစေခြင်းငှာ တင်ပြသွားမည် ဖြစ်ပါသည်။ သို့ ရာတွင် အချို သောစာစဉ်များ၊ လက်ရေးမူများမှာ အလွန် ဟောင်းနွမ်းနေသဖြင့် ကျွန်တော် ပြန်လည်ရေးသားရာတွင် စာလုံးပေါင်း၊သတ်ပုံများ အမှားပါခဲ့လျင် ခွင့်လွှတ်သည်းခံကြပါရန် ဤနေရာမှ တောင်းပန်အပ်ပါသည်။

No comments:

Post a Comment